သုဝဏ္ဏဝတီမြို့၌ ဆိုင်ကယ်တိမ်းမှောက်၍ လူငယ်တစ်ဦးသေဆုံး 
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက်၌ ဧပြီ ၆ ရက်နေ့ နံနက်စောစောပိုင်းအချိန်က ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုကြောင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ရွှေကျင်ကျေးရွာတွင် တောမီးမှတစ်ဆင့် ကြက်ခြံအဟောင်းတစ်လုံး မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာတွင် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲတွင် တောမီးမှတစ်ဆင့် ကြက်ခြံအဟောင်းတစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ဘားအံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ကမ်းကြီးကမ်းလေးကျေးရွာအနီး လမ်းဘေးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ ကျော်ခိုင်သိန်းအား စစ်ဆေးမေးမြန်းရှာဖွေရာ
ဇမ္ဗူသီရိမြို့နယ်တွင် ငါးဖမ်းဂိမ်းလောင်းကစား ပြုလုပ်နေသူများအား အမှုဖွင့်အရေးယူထား
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ ကျော်ဦး၏ နေအိမ်၌ ဧပြီ ၃ ရက် ည ၇ နာရီခွဲက ငါးဖမ်းဂိမ်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ယာဉ် ၂ စီးတိုက်မိရာမှ ၁၀ ဦးဒဏ်ရာရ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် (၁၀၃/၃-၄) ကြား၌ ဧပြီ ၄ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း
လမ်းဝဂုံးကျော်တံတားပေါ်မှ YBS(၁၆) ယာဉ်(၁)စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ
ယနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝဂုံးကျော်တံတားပေါ်မှ YBS(၁၆) ယာဉ်(၁)စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။