သာပေါင်းမြို့နယ် စစ်စင်ကျေးရွာတွင် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စစ်စင်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။






