ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ယနေ့ နံနက် ဝ၀ နာရီ ၂၅ မိနစ်က ညောင်သုံးပင်ကျေးရွာနေ အောင်ပြည့်စုံ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၁၀ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် အောင်ပြည့်စုံအား သန်လျင်မြို့မရဲစခန်း(ပ) ၅၈၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိ