မြို့နယ်(၆)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိလာသူ မဝါဝါထွန်း (ခ) ဝါဝါနှင့် ဒေါ်စိုးစိုးဌေး(ခ)မိငယ်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၃ ပြားသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မဝါဝါထွန်း(ခ)ဝါဝါ နေထိုင်သည့် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၁၇ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။







