အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်နှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်များအား အရေးယူမှု
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ည ၆ နာရီ မှ ၁၉ ရက်နေ့ ညနေ ၅ နာရီထိ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၅ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၁၉ ရက်ထိ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၅၉၆၈ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။





