ရန်ကုန် ၂၃ ဧပြီ
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး၊ နယ်စပ်နှင့်တောင်တန်း ဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက်ရေးတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင် ဦးဇော်မိုးခိုင် + ဒေါက်တာစောနေနွယ် (AA Medical Product Ltd. နှင့် Pacific AA Foundation ) မိသားစုက ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ထားကိုးကွယ်ရေးအတွက် ငွေကျပ် သိန်း ၂၀ဝ၀ ၊ နယ်စပ်နှင့် တောင်တန်းဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သိန်း ၄၀ဝ နှင့် နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက် ရေးအတွက် သိန်း ၁၀ဝ ၊ ဦးဝင်းဖေ + ဒေါ်ရွှေချော၊ သမီး မနီလာ၊ သီဟသုဓမ္မသိင်္ဂီ မနန်းဝါ မိသားစုက ထာဝရငြိမ်းချမ်းရေး စေတီတော်တည်ထားကိုးကွယ်ရေးအတွက် ငွေကျပ် သိန်း ၁၀ဝ၀ ၊ နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက်ရေး အတွက် သိန်း ၁၀ဝ ၊ ဦးသိန်းဝင်းဇော် + သီဟသုဓမ္မသိင်္ဂီ ဒေါ်တင်လတ်မင်း၊ သား မောင်ဝင်းပိုင်ကျော် ၊ သမီး မသိမ့်ဝင်းထက် (ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်) မိသားစုက ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး၊ နယ်စပ်နှင့်တောင်တန်း ဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက်ရေး တို့အတွက် သိန်း ၁၀ဝ စီ နှင့် ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ လျှပ်စစ်မီးတပ်ဆင်ရေးအတွက် ငွေကျပ် သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး တို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို က လှူဒါန်းမှုတို့အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
(သတင်းစဉ်)


