နေပြည်တော် ၈ မတ်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ (သာသနာရေး)တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ (၁၅)လမ်း၊ ၈၇ × ၈၈ လမ်းကြား၊ အမှတ်(၆၁)နေ ဦးမြတ်ကျော်သူနှင့်ဇနီး သုဓမ္မသိင်္ဂီဒေါက်တာ သူဇာမျိုးမျိုးဝင်း မိသားစုတို့မှ အလှူငွေကျပ်သိန်း ၁၀ဝ အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဌာန၊ လူဇူးဗုဒ္ဓဘာသာကျောင်းမှ ညွှန်ကြားရေးမှူး Mr. Walter Law နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး စတုတ္ထအကြိမ် အာရှဗုဒ္ဓယဉ်ကျေးမှုပွဲတော် ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)