ပန်းတောင်း ၂၈ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်သို့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက အမှူးပြုသော နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းတွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ရုပ်ပွားတော်မြတ်များအား ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ကြံခင်းမြို့သူမြို့သားများ၊ ပန်းတောင်းမြို့သူမြို့သားများ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်စေရန် ရည်ရွယ်၍ ကြံခင်းမြို့နယ်၊ ပန်းတောင်းမြို့နယ် လမ်းမကြီးအတိုင်း လှည့်လည်အပူဇော်ခံ ကြွချီခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)


