ရေး ၂၇ ဧပြီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သင်္ကြန်ကာလအတွင်း မိမိဒေသ မိသားစုများထံ ပြန်လာသူများသည် မေလအတွင်း ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရမည်ဖြစ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား အသိပညာပေးဆောင်ရွက်ခြင်းကို ဧပြီ ၂၆ ရက်က အဆိုပါဦးစီးဌာနရုံးဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က မေလတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြမည့် မြန်မာ့ရွှေ့ပြောင်း လုပ်သားများအနေဖြင့် Non-Immigrant LA ဗီဇာလျှောက်ထားရန် လိုအပ်ပြီး၊ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ၊ အထောက်အထားများကိုလည်း သိရှိထားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါပညာပေးဆောင်ရွက်ခြင်းကို မြို့နယ် လဝက ဝန်ထမ်းများ၊ မြန်မာ့ရွှေ့ပြောင်းလုပ်သားများ၊ ပြည်သူများ ပါဝင်တက်ရောက်ကြပြီး သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


