ဩဂုတ် ၁

ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးစတင်အသက်ဝင်ပြီးနောက် ထိုင်းတပ်မတော်က ဖမ်းဆီးရမိသော ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၂၀ ဦးအနက် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီချိန်အထိ ထိုင်းဘက်ခြမ်းက ကမ္ဘောဒီးယား တပ်မတော်သား ၂ ဦးသာ ပြန်လွှတ်ပေးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မလီဆိုချီရာတာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဉပဒေနှင့်အညီ ကျန်ရှိနေသေးသော ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကို အမြန်ဆုံးနေရပ်ပြန်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို ဆက်လက်တိုက်တွန်း ပြောကြားထားသည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို