ရန်ကုန် ၄ မတ်
(၁၃)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆု (၂၀၁၈) ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အမှတ်(၂) စည်ပင်လမ်းသစ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း အဆောက်အအုံ၌ မတ်လ(၉)ရက် မွန်းလွဲ(၁)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ဆုရရှိသူများအားလုံးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြရန် နှိုးဆော်ထားပြီး စာပေဆု ကော်မတီ လိပ်စာအမှတ်(၂၃/၂၄)ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ် ရန်ကုန်မြို့၊ ဖုန်း ဝ၉-၇၃၁၀၄၄၈၇၊ ဝ၉-၄၅၁၃၀၃၉၆၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


