တာချီလိတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်း နေရာအနှံ့အပြား၊ အိမ်အများအပြားနှင့် စာသင်ကျောင်းတို့တွင် ရွှံ့နွံများ တင်ကျန်ခဲ့ရာ စည်ပင်သာယာရေးဌာနနှင့် ပြည်သူများ ပူးပေါင်း၍ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၈ ရက်က စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် အိမ်အများအပြား၊ စာသင်ကျောင်းတို့တွင် ရေဝင်ရောက်ခဲ့ပြီး ရွှံ့နွံများ တင်ကျန်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက တာလော့ရပ်ကွက်ရှိ လမ်းများနှင့် တာလော့ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၊ ကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သော ရွှံ့မြေများအား ဆေးကြောခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)