တာမွေ နိုဝင်ဘာ ၁၂
တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ ရွှေဗဟိုအထွေထွေရောဂါ ကုဆေးရုံ၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာမွေမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဆေးရုံဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မီးသတ်ဆေးဘူးအပါအဝင် မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ အသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


