တောင်ကြီး ၄ မတ်

 

      
တောင်ကြီးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (တောင်ကြီး)တို့ ပူးပေါင်းဆောင်ရွက်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair 2019)ကို ယနေ့နံနက် (၉)နာရီမှစတင်၍ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောင်းကြီးစုရပ်ကွက်ရှိ ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

a

 

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair 2019)တွင် တောင်ကြီးနှင့် ရန်ကုန်တို့မှ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းများ၊ အလှပြုပြင်ရေးလုပ်ငန်းများ စုစုပေါင်း (၁၂)တို့မှ ပြခန်းများ ဖွင့်လှစ်ပြသထားပြီး လာရောက်လေ့လာသူများကို ကူညီရှင်းလင်းအကြံပြု လမ်းညွှန်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြသည်။

 

aa

 

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှလည်း ယာယီရုံးခန်းဖွင့်လှစ်၍ အလုပ်သမားမှတ်ပုံတင် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ပြပွဲကို ညနေ(၃)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရှိရသည်။

 


MDN