ဩဂုတ် ၄
တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း ဒီဂျီအွန်မြို့ရှိ စာသင်ကျောင်းတွင် ယနေ့မနက်ပိုင်းက အထက်တန်းပြဆရာတစ်ဦး ဓားထိုးခံရကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၄၀ အကွာ ဒီဂျီအွန်မြို့တွင် အသက် ၄၀ အရွယ် ကျောင်းဆရာတစ်ဦး ဓားထိုးခံရခြင်းဖြစ်ပြီး သံသယရှိသူသည် အသက် ၂၀ သို့မဟုတ် ၃၀ အရွယ်ရှိသူဖြစ်သည်ဟု သိရသည်။
အဆိုပါကျောင်းဆရာသည် သန့်စင်ခန်းသွားရန် စာသင်ခန်းအပြင်သို့ထွက်လာစဉ် စာသင်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသော သံသယရှိသူက ကျောင်းဆရာအားဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသတိလစ်သွားသောကျောင်းဆရာအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သံသယရှိသူ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။
ဆိုးလ်မြို့တော်တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ စီနမ်မြို့တွင် ယမန်နေ့ကဖြစ်ပွားခဲ့သောဓားထိုးမှုတွင် ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


