နိုဝင်ဘာ ၂၁

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၅ ဦး ထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၃၀၀၆၆ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၀၉၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှုပေါင်း ၂၆၅၈၁၈၅၆ ဦးရှိလာသည်ဟု သိရသည်။

လွန်ခဲ့သောရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၆၀၁၁ ဦးရှိရာ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ( ကေဒီစီအေ )က ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ပြည်ပပြန်ကူးစက်မှု ၆၁ ဦးရှိပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်း ပြည်ပပြန်ကူးစက်မှုပေါင်း ၇၀၈၇၁ ဦးရှိပြီး ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၄၆၅ ဦးရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို