ဇွန် ၄
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လီဂျယ်မြောင်အနိုင်ရကြောင်း အမျိုးသားအဆင့်ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ဖော်ပြထားသည်။
လီဂျယ်မြောင်က ၄၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၎င်း၏ အဓိကပြိုင်ဘက် အာဏာရပြည်သူ့အင်အားပါတီ ကင်မွန်ဆူက ၄၂ ဒသမ ၀ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ကျန်မရေတွက်နိုင်သောမဲများအားလုံး ကင်မွန်ဆူရရှိလင့်ကစား ကြားဖြတ်ရွေးကောက်ပွဲတွင် လီဂျယ်မြောင် အနိုင်ရရှိမည်ဖြစ်ကြောင်း အတည်ပြုထားသည်။
ပြည်တွင်းရုပ်သံလိုင်း ဂျေတီဘီစီနှင့် ကေဘီအက်စ်၊ အမ်ဘီစီနှင့် အက်စ်ဘီအက်စ် ရုပ်သံလွှင့်ဌာနများက နိုင်ငံ၏ ၂၁ ဦးမြောက် သမ္မတအဖြစ် လီဂျယ်မြောင်အနိုင်ရရှိရန်သေချာသည်ဟု အစောပိုင်းကပင် ခန့်မှန်းထားသည်။
မဲပေးသူဦးရေ ၇၉.၄ ရာခိုင်နှုန်းအထိရှိရာ ၁၉၉၇ ခုနှစ်က မဲပေးမှုနှုန်း ၈၀ ဒသမ ၇ ရာခိုင်နှုန်းစံချိန်တင်ခဲ့ပြီးနောက်ပိုင်း မဲပေးမှုနှုန်း၂၈ နှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။
မဲပေးသူ ၄၄ ဒသမ ၃၉ သန်းရှိသည့်အနက် ၃၅ ဒသမ ၂၄ သန်းခန့်သည် နိုင်ငံတစ်ဝန်းရှိ မဲရုံ ၁၄၂၉၅ ရုံတွင် မဲပေးခဲ့ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


