တောင်ငူ နိုဝင်ဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ဝန်ဆောင်မှုရုံး၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ယာယီနေရပ်စွန့်ခွာသူများ၊ မြေပြင်တွင် ပြန်လည်ရောက်ရှိသူများ၊ သေဆုံးသူများ ပါဝင်လာခြင်းရှိ/ မရှိ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

   

ခရိုင်(ပြန်/ဆက်)