တောင်ငူ ဇူလိုင် ၂၀

 

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ခြင်း၊ သန့်စင်ခြင်း၊ ချေးချွတ်ခြင်း၊ စေတီတော်မြတ်ကြီးအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွတ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္ထဝင် ကိုးခန်း သိမ်တော်ယာယီစံကျောင်းတော်သို့ ပင့်ဆောင်သည်။

 

ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးယဉ်ဌေး၊ ခရိုင် တရားသူကြီး ဦးမိုးကြည်မောင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့မိမြို့ဖများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မရမ်းကျောင်းစာသင်တိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇောသာရ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်သည်။ ထို့နောက် တာဝန်ရှိသူများသည် အလှူရှင် CB ဘဏ် မိသားစုမှ ပြန်လည်လှူဒါန်းထားသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွတ်မှ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့အား ရင်ပြင်တော်ပေါ်သို့ ပင့်ဆောင်၍ ဝင်းခင်းပြီး ဝေါယာဉ်ဖြင့် ရွှေဆံတော်စေတီတော် မြတ်ကြီးအား လက်ယာရစ်တစ်ပတ် ပတ်ကာ ဂန္ထဝင် ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားရှိသည်။

ခရိုင် (ပြန်/ဆက်)