ပျဉ်းမနား ၈ မေ 

 


မေ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ပျဉ်းမနားမြို့နယ် သပြေလှရပ်ကွက်နေ အောင်ကျော်မိုး (၂၀)နှစ်ပါ ၆ ဦး (အမျိုးသား သုံးဉီး၊ အမျိုးသမီး သုံးဉီး)တို့သည် တောထဲသို့ ထင်းခွေသွားခဲ့ရာ  မှိုများတွေ့ရှိသဖြင့် ယူဆောင်ခဲ့ကာ နေအိမ်၌ ဟင်းချက်စားရာမှ အော့အန်ပြီး အစာအဆိပ်သင့် (မစိုးရိမ်ရ) ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


အစာအဆိပ်သင့်မှုကြောင့် အောင်ကျော်မိုး (၂၀)နှစ်ပါ ၆ ဦးအား ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ပျဉ်းမနားခုတင် (၂၀ဝ)ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN