မံစီ ၉ မတ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ မြို့သန့်ရှင်းသာယာရေး လှုပ်ရှားမှုအနေဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်ဦးဆောင်သည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ မြို့ပေါ်ရပ်ကွက် ၄ ခု ရှိပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ နွေရာသီအခြေခံအားကစားသင်တန်းတက်ရောက်နေသည့်ကျောင်းသား ကျောင်းသူများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ ပူးပေါင်း၍ မတ် ၉ ရက် နံနက် ၇ နာရီက စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
လောကမာန်အောင်စေတီတော်နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စည်ပင်သာယာလမ်း ဘေးဝဲယာ စသည့်နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
သန့်ရှင်းရေးကို အပတ်စဉ်စနေနေ့များတွင်ဆောင်ရွက်ကြပြီး ယခုအခါ တတိယအကြိမ်မြောက်ရှိပြီဖြစ်သည်။ မြို့သန့်ရှင်း သာယာလှပရေးအတွက်ပြည်သူများအားလုံးပူးပေါင်းပါဝင်လာစေရရန် ရည်ရွယ်၍ လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


