တိုက်ကြီး နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းလေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်း အမှတ်စဉ်(၁)နှင့် အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ဗဟိုမြေစာရင်းလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင် သင်တန်းအမှတ်စဉ်(၁)သို့ သင်တန်းသား ၆၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁၂)သို့ သင်တန်းသား ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်နှစ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


