မြစ်ကြီးနား ၈ မေ
ကချင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်၍ တိုက်ပွဲရှောင်စခန်း (IDPs Camp)များမှ အမျိုးသမီးငယ် (၄၅) ဦးအား မြစ်ကြီးနားမြို့ပေါ် လေ့လာရေးခရီးစဉ်အဖြစ် ယနေ့လိုက်လံပို့ဆောင်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ လေ့လာရေးခရီးတွင် ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော်နှင့် ကက်သလစ်အသင်းတော်စခန်း၊ တပ်ကုန်း(စံပြ)၊ အင်ဂျန်ဒုံ(နှစ်ခြင်းအသင်းတော်)၊ ဇီးလွန်(နှစ်ခြင်းအသင်းတော်)၊ ဂါလိလဲ ဘုရားကျောင်းတို့မှ အမျိုးသမီးငယ် စုစုပေါင်း ၄၅ ဦးတို့ကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ လပ်ကီးမုန့်တိုက်သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်ကို ဆယ်ကျော်သက်အရွယ် အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအကြောင်း ပိုမိုသိရှိစေရန်နှင့် ဗဟုသုတအကြားအမြင် ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် ဗဟုသုတပိုင်းဆိုင်ရာ နှစ်ရက်သင်တန်းများ သင်ကြားပေးခဲ့ကြောင်း ကချင်အမျိုးသမီးများ သမဂ္ဂမှ တာဝန်ရှိသူ ဒေါ်မရန်ဆိုင်းခေါန်ထံမှ သိရသည်။
MDN


