ရမည်းသင်း ၇ မတ် 


တိုင်းရင်းဆေးပညာ၏အခြေခံ သဘောတရားများ၊ ဥတုရာသီအလိုက် ယေဘုယျ ဖြစ်တတ်သော ရောဂါငယ်များ၊ မီးဖိုချောင်သုံး ဆေးဘက်ဝင် ပစ္စည်းများ အသုံးပြုပုံ၊ တိုင်းရင်းဆေးပညာဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန် နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကြီးမှူး၍  တိုင်းရင်းဆေးပညာ ရက်တိုသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်အေးအေး၊ နည်းပြဆရာမ ဒေါ်သဉ္ဇာလှိုင်၊ ဒေါ်သွယ်သွယ်ခိုင်တို့က တိုင်းရင်းဆေးပညာ၏ ရရှိလာမည့် အကျိုး ကျေးဇူးများကို အသေးစိတ် ရှင်းလင်းသင်ကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ ရမည်းသင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ကြောင်း သိရသည်။


နေလင်းအောင်(ပြန်/ဆက်)