နေပြည်တော်  ဒီဇင်ဘာ ၃

 

မိုးရာသီကုန်ဆုံး၍ ခြောက်သွေ့ရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးဘေး အန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ ရုံးလုံခြုံမှုရှိစေရန်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာ စိုပြည် စေရန်ရည်ရွယ်ပြီး ယနေ့နံနက် (၈) နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၄) ပတ်ဝန်းကျင်၌ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂) ခုတို့မှ အရာထမ်း၊ အမှုထမ်းများက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မီးတားလမ်းများ ဖောက်လုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

စုပေါင်းသန့်ရှင်းရေးပြုလုပ်ပြီးနောက် ဝန်ထမ်းများကို နံနက်စာဖြင့် ကျွေးမွေး ဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးက မီးဘေးအန္တရာယ်လုံခြုံရေးဂရုစိုက်ကြရန်၊ စည်းစည်း လုံးလုံးရှိကြရန်၊ မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန် ဝန်ထမ်းများကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)