တက္ကဆက် ဇူလိုင် ၉
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ လွန်ခဲ့သည့်သီတင်းပတ် ကဖြစ်ပွားခဲ့သည့် ကြောက်မက် ဖွယ်ရေကြီးမှုကြောင့် ခရိုင်တစ်ခုတည်း၌ပင် ပျောက်ဆုံးနေသူ ၁၆၁ ဦးရှိလာပြီဟု သိရ သည်။ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့သည် ဇူလိုင် ၈ ရက်က ရေကြီးမှု ဖြစ်ပွားရာနေရာသို့ လာရောက်ခဲ့ပြီးနောက် ပြည်နယ်အတွင်း သေဆုံးသူဦးရေမှာ ၁၀၉ ဦးခန့် ရှိလာပြီဟု သတင်းထောက်များကို ပြောသည်။
ကာ့ခ်ခရိုင်တစ်ခုတည်းတွင် ပျောက်ဆုံးသူ ၁၆၁ ဦးရှိပြီး အဆိုပါခရိုင်မှာ ရေကြီးမှုဒဏ်အဆိုးရွား ဆုံးခံစားခဲ့ရသည့် ခရိုင်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။ ဇူလိုင် ၄ ရက် အစောပိုင်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဂွါဒါလူပီမြစ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
နှစ်နာရီအတွင်း မြစ်ရေမှာ ၁၀ မီတာခန့် တက်လာခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ရေကြီးမှုကြောင့် ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံမှု သတိပေးချက်ဥဩသံများ မပေးခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များသည် စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ အခြေအနေနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးက အနာဂတ်တွင် အလားတူရေကြီးရေလျှံမှုမျိုး ကို ကာကွယ်နိုင်မည့် ကာကွယ်ရေးစနစ်များ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရေကြီးမှုဖြစ်ပွားရာဒေသသို့ ဇူလိုင် ၁၁ ရက်တွင် လာရောက်မည်ဟု ခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ


