မော်လိုက် ၅ မတ်       
      

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်(အထက)စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျေးရွာများမှ ကျောင်းသား/သူလေးများအတွက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကေသီရွှေနှင့် အဖွဲ့ဝင် များ ပါဝင်သည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကျောင်းသား/သူများ တည်ခိုးသည့် နေရာများသို့ သွားရောက်၍ အာဟာရအစားအစာများ ထောက်ပံ့ပေးခဲ့ကြသည်။ 


အဆိုပါ ထောက်ပံ့မှုတွင် မော်လိုက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူ( ၃၄၆ )ဦးအတွက် ရေသန့်ကတ်များ၊ ခေါက်ဆွဲခြောက်ထုတ် များနှင့် ကော်ဖီမစ်ထုတ်များအား သွားရောက်ထောက်ပံ့ပေးခဲ့ပြီး စာမေးပွဲတွင် အကောင်းဆုံး ဖြေဆိုနိုင်ရေး အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။


မော်လိုက်သားလေး