ရွှေသောင်ယံ ၆ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံ စာစစ်ဌာန အရှေ့ကမ်းခြေရှိ ဈေးဆိုင်များ၊ ခေါင်းရွက် အကင်ဆိုင်များသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ယာယီပိတ်ထားကြောင်း သိရသည်။
ရွှေသောင်ယံ စာစစ်ဌာနသည် ကမ်းခြေနှင့်နီးကပ်ခြင်း၊ စာစစ်ဌာနအရှေ့တွင် ကမ်းခြေသို့ ဆင်းသောလမ်းရှိခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆူညံမှုမဖြစ်ပေါ်စေရန် ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့က ကမ်းခြေဈေးသည်များနှင့် တွေ့ဆုံပြီး စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း စာစစ်ဌာနရှေ့ကမ်းခြေ၌ ဈေးရောင်းချမှုအား ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း သိရသည်။
မေကြည်(ပြန်/ဆက်)


