နေပြည်တော်  အောက်တိုဘာ  ၂၃

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “တန်ဆောင်တိုင်ချစ်သူ တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက် (သောကြာနေ့) ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

တန်ဆောင်တိုင်ချစ်သူတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များ ဖြစ်ကြသည့် ရသ၊ D ဖြိုး၊ ကောင်းမိုးယံ၊ အောင်သူစန်း၊ မိုးပြည့်ပြည့်မောင်၊ သဉ္ဇာမြင့်မိုရ်၊ မေ့ချစ်သက်၊ ထက်ထက်စိုးစံ၊ ချိုသဲဦးနှင့် ခင်ဘုန်းမြတ်သာ တို့က မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲကြပုံနှင့် သာယာကြည်နူးဖွယ်ကောင်းပုံ တို့ကို ရေးဖွဲ့သီကုံးထားသည့် တေးသီချင်းကောင်းများဖြင့် သီဆို ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့် အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် အောက်တိုဘာ ၂၆ ရက်(တနင်္ဂနွေနေ့)နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်