တန့်ဆည် ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ မသန်စွမ်း ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက တန့်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မိုးဇော်က အမှာစကားပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း တန့်ဆည်မြို့နယ်အတွင်းရှိ မသန်းစွမ်း (၅၄၁)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀ဝ၀ဝ)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


