တနိုင်း ၅ မေ 

 


ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ လေဘေးသင့်ပြည်သူများအား ပစ္စည်းနှင့် ငွေသား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ewef

 


အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာမှ လေဘေးသင့်ပြည်သူများသို့ ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 


တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ကျေးရွာတွင် ဧပြီ ၁၅ ရက်က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့ပြီး လူဦးရေ (၁၄၆)ဦး အိမ်ထောင်စု (၃၅)စုတို့အတွက် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင် ကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ထောင် (၃၅)စုအတွက် ကျပ် ၃၅ သိန်း၊ ဆန်ရိက္ခာဖိုး တစ်ပတ်စာ တစ်ဦးလျှင် ကျပ် ၂၁၀ဝ နှုန်းဖြင့် (၁၄၆)ဦးအတွက် ကျပ် ၃၀၆၆၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ  တစ်အိမ်ထောင် ကျပ် ၄၀၃၅၃ နှုန်းဖြင့် အိမ်ထောင်စု (၃၅)စုအတွက် စုစုပေါင်း ပစ္စည်းတန်ဖိုး ကျပ် ၁၄၁၂၃၅၅ တို့ကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

efvvx

 


ဆက်လက်၍ ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းမှ လေဘေးသင့်ပြည်သူများအား အိမ်ထောင်စု (၃၅)စုအတွက် (၁)စုလျှင် တစ်ကိုယ်ရည် ကျန်းမာရေးသုံး (၁၁)မျိုးပါ ပစ္စည်းများနှင့် မိုးကာများကိုလည်းကောင်း၊ တစ်အိမ်ထောင် ကျပ် ၆၀ဝ၀ဝ နှုန်းဖြင့် အိမ်ထောင် (၃၅)စုအတွက် စုစုပေါင်း ပစ္စည်းတန်ဖိုး ကျပ် ၂၁၀ဝ၀ဝ၀ ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 


ထို့နောက် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့် အဖွဲ့သည် တနိုင်းမြို့ပေါ်ရပ်ကွက်များရှိ ၂၀၁၈-၂၀၁၉ ခု ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန မူလွန်-ဟူးကောင်းကျောင်း၊ မူလွန်-ကောင်ဂျာကျောင်း၊ မူလွန်-ကင်ဆားရာကျောင်းများ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 


မြို့နယ်(ပြန်/ဆက်)