ထားဝယ် နိုဝင်ဘာ ၇
(၃၇)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဖတ်ကြားရှင်းလင်းကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက် ချက်များ Video Clip ကို ပြသသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၆)တွင် ထူးချွန်စွာ အောင်မြင်သူ ဒေါ်နှင်းနှင်းသက်အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အငြိမ်းစား ဝန်ထမ်းများအား ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


