ထားဝယ် ၉ မတ် 


တနင်္သာရီတိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးခန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဆန်းချီရပ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး၊ ဒုတိယထပ်တွင် ရုံးခန်းဖွင့်လှစ်သည်။


ဥပဒေဆိုင်ရာ၊ အထောက်အကူပေးရာတွင် တန်းတူညီမျှအခွင့်အရေး လွတ်လပ်မှုအခွင့်အရေးနှင့် တရားမျှတမှုအခွင့်အရေးတို့ကို ဤဥပဒေနှင့်အညီ ခံစားခွင့်ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့တွင် ဥပဒေဆိုင်ရာ အထောက်အကူရရှိစေရန်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို အများပြည်သူ သိရှိနားလည်ကျင့်သုံးလာစေရေးအတွက် ပညာပေးဆွေးနွေးမှုများဆောင်ရွက်နိုင်ရန်၊ ပြစ်မှုဆိုင်  ရာ ဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ပိုမိုရရှိစေခြင်းဖြင့်တရားဥပဒေ စိုးမိုးမှု မြင့်မားလာစေရန်၊ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့်စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန် နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်၊အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူ  ပြုရန် ၊မှုခင်းကြိုတင်ကာကွယ်ရေးကို အထောက်အကူပြုစေရန်၊ကုလသမဂ္ဂအထွေထွေညီလာခံ ထုတ်ပြန်ထားသည့်  ပြစ်မှုဆိုင်ရာ တရားစီရင်ရေးနှင့်စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အခြေခံသဘောတရားများ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်နိုင်ရန် ဟူသောစသည့် ရည်ရွယ်ချက်ဖြင့်ရုံးခန်းဖွင့်လှစ်ခြင်းဖြစ်သည်။


ရှေးဦးစွာပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူးဦးခင်ဇော် ၊ တိုင်းဒေသကြီး  အစိုးရအဖွဲ့လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားကြီးချုပ် ဦးတင်အောင် တို့က တနင်္သာရီတိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင် က အဖွင့်အမှာ စကားပြောကြားပြီး ၂၀၁၉ ခုနှစ် မတ်လ ၉  ရက်နေ့ တနင်္သာရီတိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ရုံးခန်းဖွင့်ပွဲသို့ပေးပို့သော ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်ဝင်း ၏ သဝဏ်လွှာကို အတွင်းရေးမှူးဦးခင်ဇော် က ဖတ်ကြားပြီးတိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ ရုံးခန်းသည်(၅)ခုမြောက်ရုံးခန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း နှင့် ရုံးခန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အားအကျယ်တဝင့်  ရှင်းလင်းပြောကြားသည်။


ထိုနောက် တိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်က ကျေးဇူးတင် စကားပြောကြားပြီးတာဝန်ရှိသူများက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ မြို့နယ်အလိုက် ရုံးစည်းတံဆိပ်များ၊ ရင်ထိုးတံဆိပ်များ ပေးအပ်ကြသည်။


အဆိုပါအခမ်းအနားသို့ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူးဦးခင်ဇော် ၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။


MDN

 

DSC0