တံတားဦး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၁၂၁ ကျောင်းတွင် ပညာသင်ယူနေသော KG တန်း ကျောင်းသား ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စတုတ္ထအကြိမ် နေ့လယ်စာ အာဟာရကျွေးမွေးမှုကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ တောင်ဘီလူအခြေခံပညာ အထက်တန်းကျောင်းနှင့် ဆင်ကျုံးအခြေခံပညာ မူလတန်းလွန်ကျောင်းတို့တွင် ဆောင်ရွက်ကြသည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများနှင့် ဆင်ကျုံးအခြေခံ ပညာမူလတန်းလွန်ကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများက KG တန်းမှ ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးမွေးကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် အာဟာရကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ KG တန်းမှ ကလေးငယ်များအား သွားတိုက်ဆေး၊ သွားတိုက်တံများကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


