တန့်ယန်း  ၈  မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူထံမှ ပေးပို့သော ၂၀၁၉ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးက ဖတ်ကြားခဲ့သည်။


ထို့နောက် ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်းတွင် ထူးချွန်ဆု ရရှိကြသူများနှင့် ကြက်ခြေနီ မော်တော်ယာဉ် ဝယ်ယူရာတွင် ပါဝင်ကူညီလှူဒါန်းခဲ့ကြသော စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး(ပြန်/ဆက်)

 

1