တပ်ကုန်း နိုဝင်ဘာ ၁၇
တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တရုတ်ဘာသာစကား သင်တန်း (MMKM Chinese Language Center)တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး တရုတ်ဘာသာစကားသင်တန်းမှ တည်ထောင်သူ ဆရာ ဦးအောင်ပြည့်ဖြိုးနှင့် မောင်ဘုန်းသန့်ဇင်၊ မချိုဇင်သက်၊ မသန္တာဖြိုးတို့က လူငယ်နှင့် ဘာသာစကားအရေးပါမှု၊ လူငယ်နှင့် အတတ်ပညာ လေ့လာဆည်းပူးရန်လိုအပ်မှု၊ လူငယ်နှင့်သင်ယူပြီး အတတ်ပညာ ဘယ်လိုအသုံးချမလဲ၊ လူငယ်နှင့်ကြုံတွေ့ရမည့် အခက်အခဲ ဘယ်လိုကျော်ဖြတ်ရမလဲ၊ လူငယ်နှင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


