တပ်ကုန်း ၁၂ မေ
နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရှေးအစဉ်လာအတိုင်း ရှင်အပါး (၃၂၄)ပါးအား ရှင်သာမဏေအဖြစ် ချီးမြှောက်ပြီး ရေစက်ချတရားတော်နာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ငွေတောင်တောရပရိယတ္တိစာသင်တိုက်ရှိ ဆီဇာဆွမ်းစာဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယက၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော်ဦးစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က စုပေါင်းရှင်ပြု အလှူတော်ပွဲနှင့် စပ်လျဉ်းလျှောက်တင်ခဲ့ပြီး၊ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား စေတနာရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ငွေတောင်တောရစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဦးဝေနယိကမှ ရေစက်ချတရားတော်များချီးမြှင့်၍ ပြည်သူ့လွတ်တော်ကိုယ် စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ စေတနာရှင်များ၊ လုပ်အားဒါနပြုသူများ၊ ရှင်အပါး (၃၂၄)ပါးတို့၏မိဘများ ရေစက်ချတရားတော်များ နာယူခဲ့ကြသည်။
အဆိုပါ ရှင်ပြုအလှူမင်္ဂလာပွဲကို တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့်စေတနာအလှူရှင်များ စုပေါင်း၍ ရှင်အပါး(၃၂၄)ပါးအား ရှင်သာမဏေအဖြစ် ပထမ အကြိမ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


