နေပြည်တော်  ၂၄ ဧပြီ

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် Radisson Collection ဟိုတယ်၌ Zvezda ရုပ်သံဌာနမှ သတင်းထောက်အား လက်ခံတွေ့ဆုံပြီး မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားသည်။

 

myan3

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မော်စကိုမြို့ရှိ Main Direction of National Information Agency Russia သို့ရောက်ရှိပြီး သတင်းဌာနအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို  ကြည့်ရှုလေ့လာသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က Russia Today သတင်းဌာနမှ သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

myan5

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ရုရှားနိုင်ငံတွင်ဘွဲ့လွန် သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသော တပ်မတော်အရာရှိများအား  မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်ခန်းမ၌တွေ့ဆုံအမှာစကားပြော ကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံရှိတက္ကသိုလ် အသီးသီးတွင်သင်တန်းတက် ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအလိုက်ကိုယ်စားလှယ် အရာရှိများကလက်ခံရယူကြသည်။

 

ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညပိုင်းတွင် Radisson Collection ဟိုတယ်၌ (၈)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်လာကြ သည့် ကိုယ်စားလှယ်အဖွဲ့ များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin က တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်သည်။

 

ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် မော်စကိုမြစ်တွင်းသွား သင်္ဘောဖြင့် မော်စကိုမြို့၏ ညအလှရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရသိရသည်။

 

(သတင်းစဉ်)