နေပြည်တော် ၁၉ မတ်
    

 

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့သည် ယနေ့တွင် နေပြည်တော်တိ်ုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံဆွေးနွေးကြသည်။
    

 

ထိုသို့တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မတိုင်မီ NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်ဖက်တပ်များအကြား ယုံကြည်မှုတည်ဆောက်နိ်ုင်ရန်၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များအား နှစ်ဖက်လုံးမှ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန်လိုအပ်ပါက ညှိနှိ်ုင်းဆောင်ရွက်သွားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 


(သတင်းစဉ်)