နေပြည်တော် ၃  မေ

တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

 

mdn

 

သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားရှိမှု ထပ်မံတိုးမြှင့်ပေးခဲ့သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တပ်မတော်အနေဖြင့် နယ်လှည့် အထူးကုဆေး အဖွဲ့များဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သတ်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

(သတင်းစဉ်)