ဝက်လက် ၅ မတ်


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် လှတောကျေးရွာ ဈေးအတွင်းရှိ ဆိုင်များတွင် အန္တရာယ် ဖြစ်စေတတ်သော ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကို  စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ မတ် ၄ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ အဖွဲ့သည် ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များသို့ သွားရောက် စစ်ဆေးပြီး စားသောက်ကုန်ပစ္စည်းများတွင် ကုန်ပစ္စည်း အမှတ် တံဆိပ်မပါရှိသော ပစ္စည်းများအား မရောင်းချရန်နှင့် သက်တမ်းလွန်နေသော စားသောက်ကုန်များအား ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်။


ဆက်လက်ပြီး လှတောကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ကျေးရွာနေပြည်သူ ၄၇ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  
                                                                                                                 

စိုးစိုးလှိုင်(ပြန်/ဆက်)

 

123