ပေကျင်း ဇွန် ၁၃

 

တရုတ်နိုင်ငံက ကမ္ဘာ့အသိအမှတ်ပြု အမွေအနှစ်နေရာ အရေအတွက် အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း တရုတ်နိုင်ငံအမျိုးသား သစ်တောနှင့် မြက်ခင်းပြင် အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

 

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အသိအမှတ်ပြု အမျိုးသားအမွေအနှစ်နေရာ ၁၄ ခုနှင့် ယဉ်ကျေးမှုနှင့် သဘာဝ အသွင်အပြင် နှစ်မျိုးစလုံးအတွက် မှတ်သားထားသည့် အမွေအနှစ်နေရာ လေးခုရှိပြီး အဆိုပါနေရာအမျိုးအစား နှစ်ခုစလုံး၏ အရေအတွက်သည် ကမ္ဘာ့နိုင်ငံများအနက် အများဆုံးဖြစ်ကြောင်း အမျိုးသား သစ်တောနှင့် မြက်ခင်းပြင် အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

 

အဆိုပါ အမွေအနှစ်နေရာများသည် တရုတ်နိုင်ငံ၏ ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များ၊ ရှုမငြီးနိုင်ဖွယ်ကောင်းသော တောင်ပေါ်ရှုခင်းများ၊ သစ်တောများနှင့် ရေကန်များ၊ ရှားပါး၍ မျိုးတုံး လုနီးပါးဖြစ်သော တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ ကို ကာကွယ်စောင့်ရှောက်ပေးထားကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။

 

ထို့ပြင် ယင်းနေရာများသို့ လာရောက်သည့် ခရီးသွားလုပ်ငန်းမှ နှစ်စဉ်ပျမ်းမျှဝင်ငွေ ယွမ် ၁၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ) ဝင်ငွေရရှိသည့်အတွက် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များနှင့် သမိုင်းဝင်မြို့များ၊ ရွာများအား ထိန်းသိမ်းစောင့်ရှောက်ရေးကို ပံ့ပိုးပေးလျက် ရှိသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်