ဩဂုတ် ၆
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ် ကွမ်ကျိုးမြို့တော်တွင် ယနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်းပျောက်ဆုံးလျက်ရှိကြောင်း ဒေသအာဏာပိုင်များကပြောကြားသည်။
အဆိုပါမြေပြိုမှုတွင် လူပေါင်း ၁၄ ဦး ပိတ်မိခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးသမားများက မွန်းလွဲပိုင်းအထိ အပျက်အစီးများအောက် ပိတ်မိနေသူများအနက် ခုနစ်ဦးကို ဆွဲတင်နိုင်ခဲ့ရာ ၎င်းတို့အားလုံး အခြေအနေကောင်းမွန်ကြောင်း ဖော်ပြထားသည်။
အနီးအနားရှိဒေသခံများသည် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


