ဩဂုတ် ၉
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ယမန်နေ့နှောင်းပိုင်းက ငါးဦးသေဆုံးခဲ့ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
အဆိုပါသဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ကယ်ဆယ်ရေးသမားတစ်ဦးအပါအဝင် အခြား ၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပေကျင်းဒုတိယမြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
ရေကြီးရေလျှံမှုနှင့် နေအိမ်ပြိုကျမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၃၃ ဦးရှိလာသည်ဟု သိရသည်။
ပေကျင်းတွင် တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီတိုက်ခတ်မှုကြောင့် ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၂ ရက်နေ့အထိ မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


