ဇူလိုင် ၂၁

တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်လအထိ အင်တာနက်အသုံးပြုသူ ၁ ဒသမ ၁၂ ဘီလီယံကျော်ရှိကြောင်း တရုတ်အင်တာနက်ကွန်ရက်သတင်းအချက်အလက်စင်တာ(စီအင်န်အင်န်အိုင်စီ)က ယနေ့ထုတ်ပြန်သော အစီရင်ခံစာ အရ သိရသည်။

တရုတ်နိုင်ငံတွင် အင်တာနက် ထိုးဖောက်ဝင်ရောက်မှုသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ၇၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံတွင် အသက် ၆၀နှင့်အထက် အင်တာနက်အသုံးပြုသူ ၁၆၁ သန်းရှိပြီး ကျေးလက်ဒေသများတွင် နေထိုင်သူ ၃၂၂ သန်းရှိကြောင်း၊  ယင်းအုပ်စုများအကြား အင်တာနက်ထိုးဖောက် ဝင်ရောက်မှု ၅၂ ရာခိုင်နှုန်းနှင့် ၆၉ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းရော ပြည်ပတွင်ပါ တရုတ်ယဉ်ကျေးမှုမြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို