ပေကျင်း   ဇူလိုင်   ၁၄

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗရော့ဒ် အား ဇူလိုင် ၁၃ ရက်က ပေကျင်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း  သိရသည်။

တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ   နိုင်ငံခြားရေး ဝန်ကြီးများကောင်စီ   အစည်းအဝေးသို့တက်ရောက်လာသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးအား တရုတ်ကွန်မြူနစ်ပါတီ  ပေါ်လစ် ဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက ယခုကဲ့သို့ လက်ခံတွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည်   ရုရှားနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်  လက်တွဲ၍ တီယန်ကျင်း  ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေပြီး ရှန်ဟိုင်း ပူးပေါင်း  ဆောင်ရွက်ရေးအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း ဝမ်ယိက ပြောကြားသည်။

ယခုနှစ်သည် တရုတ်နိုင်ငံသားများက ဂျပန်၏ ကျူးကျော်မှုကို အောင်အောင်မြင်မြင် တွန်းလှန် တိုက်ခိုက်ခဲ့သည့်  စစ်ပွဲ နှစ် ၈၀ ပြည့်မြောက်သည့်  အချိန်ဖြစ်သဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ်(၈၀)     ပြည့်မြောက်သည့် အထိမ်းအမှတ်  အခမ်းအနားများ ကျင်းပမည်ဖြစ်ပြီး  ဒုတိယကမ္ဘာစစ်၏ သမိုင်းအမှန်များကို ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ် ကြောင်း ဝမ်ယိက ပြောကြားသည်။ 

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် မည်ဖြစ်ကာ     တရုတ်-ရုရှား ဆက်ဆံရေးဆိုင်ရာ အောင်မြင်မှုများကို ဆက်လက်မြှင့်တင်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဒ်က ပြောကြားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင်  တရုတ်နိုင်ငံက အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခြင်းကို ရုရှားနိုင်ငံက အပြည့်အဝထောက်ခံမည်ဖြစ်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ လုပ်ငန်းမူဘောင်များအရ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်မည်ဖြစ်ပြီး   တီယန်ကျင်း  ထိပ်သီး ဆွေးနွေးပွဲအောင်မြင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်မည်ဟု ဆာဂျီလက်ဗရော့ဒ်က ပြောကြားသည်။           

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ