အစ္စတန်ဘူလ် ဇွန် ၂၈
တူကီယဲနှင့် အီရန်နိုင်ငံတို့ကြား လေကြောင်းခရီးစဉ် ၁၅ ရက်ကြာ ရပ်နားထားပြီးနောက် ဇွန် ၂၇ ရက်တွင် ပြန်လည်စတင်ခဲ့သည်ဟု တူကီယဲသယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး အဘူကစ်ဒီယာ ယူရာလော့လူက ပြောသည်။
အီရန်နိုင်ငံ အရှေ့ပိုင်းမာရှက်ဒ်မြို့မှ အစ္စတန် ဘူလ်မြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ မှာ ဇွန် ၂၇ ရက်တွင် ပြန်လည်စတင်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။ ၁၅ ရက်ကြာ လေကြောင်းခရီးစဉ်များ ရပ်နားထားပြီးနောက် တူကီယဲနှင့် အီရန်တို့ကြားလေကြောင်းခရီးပျံသန်းပြေးဆွဲမှု ပြန်လည်စတင် လိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီး အဘူကစ်ဒီယာယူရာ လော့လူက လူမှုကွန်ရက်မီဒီယာပေါ်တွင် ဖော်ပြခဲ့သည်။
အီရန်နိုင်ငံအနောက်ပိုင်းရှိ တီဟီရန်နှင့် တက်ဘရစ်ဇ်မြို့များရှိ လေပိုင်နက်ကို ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း ဇူလိုင် ၂ ရက်မတိုင်မီအချိန် အထိ အဆိုပါကန့်သတ်ချက် ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၌ သောင်တင်နေသည့် တူကီယဲ လေယာဉ်များကို အထူးခွင့်ပြုချက်ဖြင့် ပြန်လာနိုင်ရေး အီရန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ အီရန်နိုင်ငံတွင် သောင်တင်နေသည့် တူကီယဲလေယာဉ် ခုနစ်စင်းရှိကြောင်း ယူရာလော့လူ က ပြောသည်။
ဆင်ဟွာ


