အစ္စတန်ဘူလ် ဇူလိုင် ၃၀
တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ် ဘာဆာတွင် လောင်နေသည့် တောမီးကို ဇူလိုင် ၂၉ ရက်က ထိန်းချုပ်နိုင်ပြီဖြစ်သည်။ ဆက်လက်လောင်နေသည့် နေရာတစ်နေရာသာ ကျန်ရှိပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဘာဆာပြည်နယ် ဟာမန်းချစ် ခရိုင်တွင် လောင်သည့် တောမီးတစ်ခုသာကျန်တော့သည်ဟု တူကီယဲစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီး အီဘရာဟင်ယူမက်လီက လူမှုကွန်ရက်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ဝေဟင်မြေပြင်တို့မှ တောမီးငြှိမ်းသတ်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ ဘာဆာပြည်နယ်၌ လောင်နေသည့် တောမီးသည် လေပြင်းနှင့် အပူချိန်မြင့်မားမှုကြောင့် ပိုမိုအားကောင်းခဲ့ပြီး လေးရက်ကြာလောင်ခဲ့ကာ လေးဦးသေဆုံးခဲ့သည်။
ဝေဟင်မှရိုက်ကူးထားသည့် ရုပ်သံတွင် တောမီးလောင်မှုကို ထိန်းချုပ်နိုင်ကာ မီးလောင်ပြီးနောက် ကျန်ရစ်ခဲ့သည့်ပြာများကို တွေ့ရှိရသည်။
အဆိုပါ ရုပ်သံကို ဒီမီရိုရန် သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ ယခုနှစ် အောက်တိုဘာလ မတိုင်မီအထိ တောမီးသတိထားရဦးမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဆင်ဟွာ


