နေပြည်တော် ၃ မေ
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) အကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ အပေါ်ပြန်လည်သုံးသပ်မည့် အီရတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့၏ Country Visit အစည်းအဝေးကို မေ ၆ ရက်တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးကို မေ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ သိရသည်။
မောင်လူမော်


