ဝါးခယ်မ ၃၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အိမ်မွေး တိရိစ္ဆာန်များ ခွေးရူးရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး၌ ဆောင်ရွက်ခဲ့သည်။
အိမ်မွေး တိရိစ္ဆာန် မွေးမြူသူများအနေဖြင့် ခွေးရူးရောဂါနှင့် ပတ်သက်သော အသိအမြင်များ ရရှိစေရေး၊ ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရေးတို့ကိုရည်ရွယ်ပြီး ယခုလို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်များ၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးမည့် အရေအတွက်မှာ စုစုပေါင်း ၃၀ဝ ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်နန်းက ပြောသည်။

" ခွေးရူးရောဂါကာကွယ်ဆေးထိုးထားရင် အိမ်မှာမွေးထားတဲ့ အိမ်မွေး တိရိစ္ဆာန်တွေအတွက် ခွေးရူးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်မယ်။ မွေးထားတဲ့သူတွေအတွက်လည်း အမှတ်မထင် ကိုက်မိရင် စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ယခုလို ကာကွယ်ဆေးအခမဲ့ထိုးပေးချိန်မှာ လိုလိုလားလား သွားရောက် ဆေးထိုးပေးသင့်ပါတယ်" ဟု အိမ်မွေး တိရိစ္ဆာန် မွေးမြူသူတစ်ဦးက ပြောသည်။
လွှမ်းသီဟ (ဝါးခယ်မ)


